ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ပြောခဲ့တဲ့ လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု အပိုင်းကို ဆက်လက်ပြောချင်ပါတယ်။ ကျွန်တော်ပြောတဲ့ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုတာ ရှယ်ယာ ထည့် ဝင်စေတဲ့ ပုံစံမျိုးမဟုတ်ဘဲ Business to Business ပုံစံမျိုး၊ Co-operation ပုံစံမျိုးကို ပြောချင်တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော့်ရဲ့ လုပ်ငန်း ကို နမူနာထားပြီး တခြားသော သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဘဏ် တစ်ခုနဲ့ Financial Partner အဖြစ် ပူးပေါင်းဆောင်ရွက်မှု ပုံစံတွေကို ပြောခဲ့ပါတယ်။